ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၌ ငါးပစ်ဂိမ်း လောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၌ ငါးပစ်ဂိမ်း လောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / October 22, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်က ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၌ ငါးပစ်ဂိမ်း လောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မူဆယ် မြို့နယ်၊ ကောင်းမူးတုံရပ်ကွက်၊ မြေနီကားကြီးဝင်းရှိ အဆောက်အအုံအတွင်း၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မူဆယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါအဆောက်အအုံအတွင်း၌ အဆိုပါရပ်ကွက်နေ သန္တာအေး(၄၁)နှစ်အား ငါးပစ်ဂိမ်းစက် နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သန္တာအေး အား မူဆယ်မြို့မရဲစခန်း (ပ)၁၆၂/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၇(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
