ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / December 17, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်က ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ ဆင်ဖြူဂိတ်ပေါက်၌ မူဆယ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မူဆယ်မြို့နေ အိုက်ကြိုင်(၃၁)နှစ် မောင်းနှင်လာသည့် MDY-13/5K-XXXX TOYOTA CROWN မော်တော်ယာဉ်နှင့် မူဆယ်မြို့နယ်၊ တောင်ရပ်ကွက်နေ ဝေယံထွန်း(၂၇)နှစ် မောင်းနှင် လာသည့် MDY-14/1J-XXXX TOYOTA CROWN မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အိုက်ကြိုင် အား မူဆယ်မြို့မ ရဲစခန်း (ပ)၁၈၆/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း၊ ဝေယံထွန်း အား မူဆယ် မြို့မရဲစခန်း (ပ)၁၈၇/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
