ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ အင်ကြင်းလမ်းသွယ် (၁) တွင် နေအိမ်မီးလောင်မှု

ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ အင်ကြင်းလမ်းသွယ် (၁) တွင် နေအိမ်မီးလောင်မှု

Ministry of Home Affairs/ နေပြည်တော် / June 30, 2023
ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ အင်ကြင်းလမ်းသွယ် (၁) တွင် နေအိမ်မီးလောင်မှု

      ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ အင်ကြင်းလမ်းသွယ်(၁)တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ ၁၅၅၀ အချိန်ခန့်က အိမ်ငှား ဦးသန့်အောင် ငှားရမ်းနေထိုင်သော (၁၀x၂၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း (၁) ထပ်နေအိမ်၏ အိပ်ခန်းအတွင်းရှိမွေ့ယာပေါ်၌ ဖုန်းအားသွင်းထားစဉ် အပူလွန်ကဲ၍ မွေ့ယာသို့မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မူဆယ်ခရိုင်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၆ စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ ၁၆၀၈ အချိန် မီးငြိမ်းခဲ့ပါသည်။

      အဆိုပါ မီးလောင်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ငှား ဦးသန့်အောင် အား မူဆယ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။