ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ စက်မှုနယ်မြေတွင် နေအိမ်မီးလောင်မှု

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ စက်မှုနယ်မြေတွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / September 02, 2023
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ စက်မှုနယ်မြေတွင် နေအိမ်မီးလောင်မှု


     ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ စက်မှုနယ်မြေတွင် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်၊ နံနက် ၁ နာရီ ၅၀ မိနစ်ခန့်က ပိုင်ရှင် ဦးစိုင်းကျော်လူ၏ (၁၅x၇၅)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း နှစ်ထပ်နေအိမ်၏ လျှပ်စစ်ပလပ်ခုံတွင် အခန်းမီးထွန်းရန်အတွက် တပ်ဆင်ထားသော ပလပ်ခေါင်းအပူလွန်ကဲရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မူဆယ်မြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်ငါးစီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါမီးလောင်မှုကြောင့် (၁၅x၇၅)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း နှစ်ထပ်နေအိမ်၏ အပေါ်ထပ် (၁၅x၂၀)ပေ လူနေခန်း တစ်ခန်းနှင့် စူပါကပ်(တရုတ်)ဆိုင်ကယ်အဟောင်း တစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးစိုင်းကျော်လူအား မူဆယ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။