ရှမ်းပြည်နယ်၊ ရွှေညောင်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
ရှမ်းပြည်နယ်၊ ရွှေညောင်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
Ministry of Home Affairs/ နေပြည်တော် / August 28, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆ ရက်က ရှမ်းပြည်နယ်၊ ရွှေညောင်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၆ ရက် ည ၁၁ နာရီ ၄၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ရွှေညောင်မြို့နယ်၊ မင်္ဂလာရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၀၄ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဟဲဟိုးမြို့မှ ရွှေညောင်မြို့ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ယုဇနအိမ်ရာနေ စိုးသူလင်း(၄၀)နှစ် မောင်းနှင်လာသည့် YGN-19/9P-XXXX HIGER အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်သည် လမ်းဖြတ်ကူးသူ အသက် ၆၀ နှစ်ခန့် အမည်မသိ အမျိုးသား တစ်ဦးအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိပြီး မော်တော်ယာဉ်၏ ရှေ့ယာဘက်ဘီးဖြင့် ကြိတ်မိခဲ့သဖြင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် စိုးသူလင်း အား ရွှေညောင်နယ်မြေရဲစခန်း ယာဉ်(ပ)၁၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။