ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ တောင်ရွာရပ်ကွက်၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲ(တောင်ရွာ)၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ တောင်ရွာရပ်ကွက်၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲ(တောင်ရွာ)၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနား ကျင်းပ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / August 09, 2025


    ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇ ရက် မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ တောင်ရွာရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(တောင်ရွာ)၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံ (Healthy Lifestyle) အလေ့အထများ စွဲမြဲစေရန်အတွက် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။