ရှမ်းပြည်နယ်၊ လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၊ ပုန်းထွန်ကျေးရွာတွင် မန္တလေးငလျင်ကြီးကြောင့် နေအိမ်ထိခိုက်ပျက်စီးခဲ့သူအား ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်၊ လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၊ ပုန်းထွန်ကျေးရွာတွင် မန္တလေးငလျင်ကြီးကြောင့် နေအိမ်ထိခိုက်ပျက်စီးခဲ့သူအား ထောက်ပံ့ငွေများ ပေးအပ်

Ministry of Home Affairs/ နေပြည်တော် / January 01, 2026

     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲ ၃ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးမြို့နယ်၊ ပုန်းထွန် ကျေးရွာအုပ်စု၊ ပုန်းထွန်ကျေးရွာနေ မန္တလေးငလျင်ကြီးကြောင့် ဦးစိုင်းလီ ၏နေအိမ် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့မှုအပေါ် ပြန်လည်ပြုပြင်နိုင်ရန်အတွက် ငွေကျပ် ၁၂၀ သိန်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်၊ သက်ဆိုင်ရာဌာနတာဝန်ရှိများမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါ သည်။