ရှမ်းပြည်နယ်၊ လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၆)လပတ်ကာလအတွင်း ရုံးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်၊ လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၆)လပတ်ကာလအတွင်း ရုံးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
Ministry of Home Affairs/ နေပြည်တော် / February 21, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၆)လပတ်ကာလအတွင်း ရုံးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ အမှုတွဲခန်းအတွင်း အမှုတွဲဟောင်းများ စနစ်တကျ ထုတ်ပိုး ထားရှိမှု၊ အမှုတွဲခန်း အဝင်/အထွက်စာရင်းစာအုပ်များ စနစ်တကျ မှတ်တမ်းထားရှိမှု၊ ရုံးဗီဒိုအတွင်း ဖိုင်တွဲများ စနစ်တကျ ထိန်းသိမ်းထားရှိမှု၊ အမှုတွဲဖိုင်နှင့်မာတိကာများ စနစ်တကျ ဆောင်ရွက်ထား ရှိမှုအား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာလင်းနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။