ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ လားရှိုးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် လားရှိုးတက္ကသိုလ် အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ လားရှိုးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် လားရှိုးတက္ကသိုလ် အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Ministry of Home Affairs/ နေပြည်တော် / October 18, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ လားရှိုးတက္ကသိုလ်အား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း ဦးဆောင်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ တက္ကသိုလ်ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ အင်ဂျင်နီယာများ တက်ရောက်ခဲ့ကြပြီး လိုအပ်သည့်အစီအမံများ၊ လုပ်ငန်းစဉ်များအလိုက် Estimate များ အမြန်တွက်ချက်တင်ပြနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
