ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး


Ministry of Home Affairs/ နေပြည်တော် / November 01, 2025
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးမှုဖြစ်စဉ်မှ မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်က ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

     ဖြစ်စဉ်မှာ အောက်တိုဘာ ၃၁ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် လားရှိုးမြို့၊ အမှတ်(၁)ရပ်ကွက်၊ လားရှိုး-သိန္နီလမ်းမကြီးပေါ်ရှိ ရွှေလင်းသစ် အဲယားကွန်းပြုပြင်ရေးဆိုင်ရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မန်ဆူဘုရားမှ အဝိုင်းပတ်ဘက်သို့ ပန်လုံမြို့နေ ဆမ်းကျန်(၂၁)နှစ် မောင်းနှင်လာသည့် SHN-38 3L-XXXX CROWN ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ဝင်ရောက်တိုက်မိ၍ တိမ်းမှောက်ခဲ့သဖြင့် ဆမ်းကျန်တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် ဆမ်းကျန်အား လားရှိုး မြို့မရဲစခန်း ယာဉ် (ပ)၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။