ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၌ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း ပြုပြင်ဆောင်ရွက်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၌ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း ပြုပြင်ဆောင်ရွက်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

Ministry of Home Affairs/ နေပြည်တော် / October 14, 2025

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက် နံနက် ၁၁ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၌ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း ပြုပြင်ဆောင်ရွက်မှု အခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့် ဦးဆောင်၍ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လမ်းအရည်အသွေး ပြည့်မီရေး၊ ရေမြောင်းများ ကောင်းမွန်စေရေးနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။