ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းများ ဖျက်ဆီး
ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းများ ဖျက်ဆီး
Ministry of Home Affairs/ နေပြည်တော် / December 19, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်း ၁၇၄ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၈ ရက် နံနက် ၇ နာရီမှ နံနက် ၁၀ နာရီ ၃၀ မိနစ်ထိ လွိုင်လင်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ လဲလောင်းကျေးရွာအရှေ့မြောက်ဘက် နှစ်ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းခင်း ၂၈ ဧက၊ ကျိုင်းခမ်းကျေးရွာ အနောက်မြောက်ဘက် နှစ်ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းခင်း ၈ ဧက၊ လုံတာကျေးရွာအနောက်တောင်ဘက် တစ်ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁၂ ဧကနှင့် နောင်စိုင်ကျေးရွာအ နောက်မြောက်ဘက် လေးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁၇ ဧကတို့အား လည်းကောင်း။
အလားတူ နံနက် ၈ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၁၅ မိနစ်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ ကျောက္ကချား ကျေးရွာတောင်ဘက် လေးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းခင်း ၂၂ ဧကအား လည်းကောင်း။
အလားတူ နံနက် ၈ နာရီ ၄၀ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ထိ အမှတ်(၂၆) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ဝါးပြုံးကျေးရွာအနောက်တောင်ဘက် တစ်မိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းခင်း ၃၇ ဧကနှင့် တောင်လေးကျေး ရွာအရှေ့ဘက် နှစ်မိုင်ခွဲခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းခင်း ၃၅ ဧကတို့အား လည်းကောင်း။
ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ ထမ့်ယမ်း ကျေးရွာအရှေ့ဘက် ငါးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းခင်း ၈ ဧကခန့်နှင့် အရှေ့ဘက် တစ်မိုင်ခွဲခန့် အကွာရှိ သီးပွင့်ဆဲ ဘိန်းခင်း ၇ ဧကတို့အား လည်းကောင်း အသီးသီးဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
