ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးနေမှုအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးနေမှုအား ကြည့်ရှုစစ်ဆေး

Ministry of Home Affairs/ နေပြည်တော် / April 24, 2026

     ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လွိုင်လင်မြို့နယ်ဦးစီးမှူးရုံးက ကြီးမှူး၍ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့် ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်အ ဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်များ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။