ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ ဝမ်ဟွေရပ်ကွက်၊ မြို့ပတ်လမ်းတွင် နေအိမ်မီးလောင်မှု

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ ဝမ်ဟွေရပ်ကွက်၊ မြို့ပတ်လမ်းတွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / February 29, 2024



     ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်က ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ ဝမ်ဟွေရပ်ကွက်၊ မြို့ပတ်လမ်းတွင် ပိုင်ရှင် ဦးကျော်ဦး၏  ၂၀x၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် အောက်ထပ်တွင် အင်ဗာတာနှင့်ဘက်ထရီအိုး ချိတ်ဆက်မီးထွန်းထားရာမှ အင်ဗာတာအပူလွန်ကဲ၍ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မိုင်းပွန်နယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်နှစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါ မီးလောင်မှုကြောင့် ၂၀x၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးကျော်ဦးအား မိုင်းပွန်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။