ရှမ်းပြည်နယ် ဘဏ်ခွဲ၏ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ် ဘဏ်ခွဲ၏ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ ကျင်းပ


Ministry of Information/ Naypyitaw / May 16, 2026
image_latest


တောင်ကြီး မေ ၁၅

၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက အမှာစကားပြောကြားပြီး ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရန် ပြင်ဆင်ဆောင်ရွက်နေမှုများ၊ သီးနှံအာမခံထားရှိ ဆောင်ရွက်နေမှုများကို ကြည့်ရှုသည်။

အဆင့်ဆင့်ကြီးကြပ်

မွန်းလွဲပိုင်းတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအောက်ရှိ ရှမ်းပြည်နယ်ရုံးဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး အစိုးရအဖွဲ့၏ ရက် (၁၀၀) အတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဆောင်ရွက်သည့် စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးရေးနှင့် လယ်ယာသုံးစက်ကိရိယာထုတ်ချေးရေးဆိုင်ရာ ကိစ္စများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ဘဏ္ဍာငွေသုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်းများကို စောင့်ထိန်းလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ငွေကြေးအလွဲသုံးစားမှုများ မဖြစ်စေရေး အဆင့်ဆင့်ကြီးကြပ်ထိန်းသိမ်းကြရန် လိုအပ်ကြောင်း မှာကြားသည်။

သတင်းစဉ်