ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ လွိုင်မြေ(လွယ်ပြေ) ရပ်ကွက်၌ စတုတ္ထမူကြမ်း လူဦးရေအတည်ပြု လူဦးရေစာရင်းကောက်ယူနေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ လွိုင်မြေ(လွယ်ပြေ) ရပ်ကွက်၌ စတုတ္ထမူကြမ်း လူဦးရေအတည်ပြု လူဦးရေစာရင်းကောက်ယူနေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Ministry of Home Affairs/ Nay Pyi Taw / March 26, 2025
၂၀၂၅ ခုနှစ်၊ မတ် ၂၅ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်မြေပြင်ကွင်းဆင်းစိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးဦးစီးအရာရှိတို့နှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ လွိုင်မြေ(လွယ်ပြေ)ရပ်ကွက်၌ စတုတ္ထမူကြမ်းလူဦးရေအတည်ပြု လူဦးရေစာရင်းကောက်ယူနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။