ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် စေတနာ့ ဝန်ထမ်းများလုပ်ငန်းခွင်ဆိုင်ရာ ဆင့်ပွား သင်တန်း ဒုတိယအကြိမ် ဖွင့်လှစ်ပို့ချ

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် စေတနာ့ ဝန်ထမ်းများလုပ်ငန်းခွင်ဆိုင်ရာ ဆင့်ပွား သင်တန်း ဒုတိယအကြိမ် ဖွင့်လှစ်ပို့ချ


Ministry of Information/ ​နေပြည်တော် / June 05, 2020
image_latest


တောင်ကြီး  ဇွန်  ၅

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် လူမှုဝန် ထမ်းဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်တောင်ပိုင်း အတွင်းရှိ စေတနာ့ဝန်ထမ်းများအား လုပ်ငန်းခွင်ဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က တောင်ကြီးမြို့ မြို့ တော်ခန်းမ၌ ပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင် က အဖွင့်အမှာစကား ပြောကြားရာတွင်  ယခုသင်တန်းကို အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်အတွင်း မြို့နယ်များအလိုက် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ခဲ့ကြသည့် Volunteers များအနေနှင့် မိမိနှင့် မိမိ မိသားစုများအား ထိခိုက်မှုမရှိစေပဲ လုပ်ငန်းဆောင်တာများကို ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်နှင့် ဆောင်ရန်ရှောင်ရန်များကို သိရှိနိုင်စေရန် ဖြစ်ကြောင်း၊  အချို့နိုင်ငံကြီးများတွင် ကိုဗစ်−၁၉ ရောဂါနှင့် ပတ်သက်၍ သေဆုံးသူအလွန်များပြားနေချိန်၌ မြန်မာနိုင်ငံအနေဖြင့် ရလာဘ်ကောင်းကောင်းဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်ခြင်းကို နိုင်ငံအများက ချီးကျူးခဲ့ကြကြောင်း၊ ဤသို့ဆောင်ရွက်နိုင်သည်မှာ ပြည်သူများ၏ အချင်းချင်း ကူညီစောင့်ရှောက်မှု စေတနာ့ ဝန်ထမ်းများ၏ ဝိုင်းဝန်းကူညီပံ့ပိုးမှုများကြောင့် ဖြစ်ကြောင်း၊ ယခုအချိန်တွင် ပြည်ပမှ ပြန်ဝင်လာနေသည့် မိမိတို့ နိုင်ငံသားများတွင် ရောဂါပိုးပါလာနိုင်ခြင်းကြောင့် နေရပ်ပြန် ပြည်သူများကို (၂၁) ရက် သီးခြားနေထိုင်နိုင်အောင် ဆောင်ရွက်ပေးနိုင်ရေးသည်လည်း အရေးကြီးပါကြောင်း၊ ထို့ကြောင့် စေတနာ့ ဝန်ထမ်းများအနေဖြင့် မိမိတို့ဒေသရှိ Quarantine Centre များတွင် ဆက်လက် တာဝန်ထမ်းဆောင်ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်း လိုပါကြောင်း၊ ကိုဗစ်−၁၉ ရောဂါသည် အများသိပြီးဖြစ်သကဲ့သို့  ကူးစက်မြန်ရောဂါ ဖြစ်ခြင်းကြောင့် စေတနာဝန်ထမ်းများအနေနှင့် စင်တာများ၌ တာဝန်ထမ်းဆောင်ရာတွင် သတိ လက်လွတ်နေမိခြင်းမှတဆင့် မိမိမိသားစုနှင့် ထိတွေ့သူများကို ဆင့်ပွားကူးစက်ကာ မိမိတို့မှ ပိုးသယ်ဆောင်သူများ မဖြစ်စေရေး စေတနာ့ဝန်ထမ်းများအနေနှင့် အထူးသတိထား ဆောင် ရွက်ပေးကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း စသဖြင့် အကျယ်တဝင့် ပြောကြားခဲ့သည်။

ထို့နောက် တောင်ကြီးမြို့ ကျား/မရေးရာ တန်းတူညီမျှရေးကွန်ယက်မှ ဒေါ်နန်းသန်းအေး က ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးထံ ပေးအပ်လှူဒါန်းပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင် က စေတနာ့ဝန်ထမ်း သင်တန်းသားများအား ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ် တောင်ပိုင်းမြို့နယ်များမှ စေတနာ့ဝန်ထမ်း (၃၅)ဦး တက်ရောက်ကြပြီး ယနေ့တစ်နေ့တာ သင်တန်းတွင် ဦးတည်အုပ်စုအလိုက် ဝန်ဆောင်မှုပေးခြင်းနှင့် ရောဂါကာကွယ်ခြင်း နည်းလမ်းများ သင်ခန်းစာအား ကလေးအထူးကု ဆရာဝန်ကြီး(ငြိမ်း) ဒေါက်တာ သန်းထိုက်နှင့် ဒေါက်တာ နှင်းအိဖြူ တို့ကလည်းကောင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး သင်ခန်းစာအား ပြည်နယ်ကျန်းမာရေးဦ:စီးဌာနမှ ဒေါက်တာ ဇဝန က လည်းကောင်း၊ စိတ်ဓါတ်မြှင့်တင်ရေးနှင့် စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသင်ခန်းစာအား ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြူကြူဇော် က လည်းကောင်း၊ ခွဲခြားနှိမ့်ချ ဆက်ဆံခြင်းဆိုင်ရာ သင်ခန်းစာအား ယူနီဆက်မှ ဒေါ်ခင်မိုးအေး က လည်းကောင်း၊ ပြောဆိုဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်မှုဘာသာရပ်အား ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဦး ကလည်းကောင်း ဘာသာရပ်အလိုက် သင်တန်းပို့ချခဲ့ကြကြောင်း အလားတူသင်တန်းများကို ရှမ်းပြည် နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင်လည်း ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

စိုးညွန့်ရွှေ(ပြန်ဆက်)

HOT NEWS
January 4,