ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / May 01, 2025

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၉ ရက် ညနေ ၄ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ တရုတ်-မြန်မာ နှစ်နိုင်ငံဝင်/ထွက်ပေါက် ဆင်ဖြူဂိတ်အနီး၌ မူဆယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်နေ စိုးသူရ(၄၀)နှစ်မောင်းနှင်လာသည့် YGN-35/6S-XXXX JETOUR ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် စိုးသူရအား မူဆယ်မြို့မရဲစခန်း(ပ)၇၅/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။