ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်လမ်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်လမ်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / November 12, 2024
image_latest


 ကျိုင်းတုံ     နိုဝင်ဘာ ၅

           ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသော ကျေးလက်လမ်းတည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက နိုဝင်ဘာ (၅) ရက်တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျိုင်းတုံမြို့နယ် ပန်ကွဲ-လွယ်မွေလမ်း ကွန်ကရစ်ခင်းခြင်း (၀ / ၇ မိုင် x  ၁၂ ပေ x  ၇ လက်မ )နှင့် နောင်ငင်း-ဝမ်ဆိုင်း(လွယ်)လမ်း ( ၃၇၅  ပေ ) ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ထိုမှတဆင့် တာချီလိတ်မြို့နယ် မိုင်းဆတ်-တာချီလိတ်လမ်း (ဆမ်ဆိုင်း မြို့ပတ်လမ်း)အား ကြည့်ရှုစစ်ဆေးခဲ့သည်။

           ထို့နောက် ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းအပေါ် တာဝန်ယူဆောင်ရွက်နေသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။

HOT NEWS
January 4,