လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုများထံ တရားဝင်လမ်းကြောင်းမှ အလွယ်တကူ ငွေလွှဲစနစ်ဖြင့် လွှဲပို့နိုင်ရေး ရှင်းလင်းပြောကြား

လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုများထံ တရားဝင်လမ်းကြောင်းမှ အလွယ်တကူ ငွေလွှဲစနစ်ဖြင့် လွှဲပို့နိုင်ရေး ရှင်းလင်းပြောကြား


Ministry of Information/ Naypyitaw / December 09, 2023
image_latest


နေပြည်တော် ဒီဇင်ဘာ ၈

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အလုပ်သမားရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရေး မြန်မာ-ထိုင်း နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် ထိုင်းနိုင်ငံသို့ရောက်ရှိနေစဉ် ယနေ့မွန်းလွဲပိုင်းတွင် ရစ်ချဘူရီမြို့ရှိ Thai Tan Food စက်ရုံနှင့် Star Food စက်ရုံရှိ MoU မြန်မာအလုပ်သမားများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

ရှင်းလင်းပြောကြား

ပြည်ထောင်စုဝန်ကြီးက Thai Tan Food စက်ရုံရှိ MoU မြန်မာလုပ်သားများနှင့် တွေ့ဆုံရာတွင် ရရှိလစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံပေးပို့ကြရန်၊ Remitance Management System Mobile Application ဖြင့် မိသားစုများထံ တရားဝင်လမ်းကြောင်းမှ အလွယ်တကူ ငွေလွှဲစနစ်ဖြင့် လွှဲပို့နိုင်ရေးဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။

နေ့လယ်စာသုံးဆောင်

ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ကိုယ်စားလှယ်ကအခွန် ၂ ရာခိုင်နှုန်းအကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကိုယ်စားလှယ်က EID စနစ်အကြောင်း ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားတစ်ဦးချင်းအား ထောက်ပံ့ငွေများပေးအပ်၍ အတူတကွ နေ့လယ်စာသုံးဆောင်ခဲ့သည်။

ထောက်ပံ့ငွေများပေးအပ်

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Star Food စက်ရုံရှိ MoU မြန်မာလုပ်သားများကို တွေ့ဆုံ၍ Remittance Management System Mobile Application ဖြင့် တရားဝင်လမ်းကြောင်းမှ ငွေလွှဲစနစ်အကြောင်းကို ရှင်းလင်းပြောကြား၍ လက်တွေ့သရုပ်ပြသပြီး မြန်မာ လုပ်သားများအနေဖြင့် လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်းများ လိုက်နာရေးနှင့် အလုပ်သမားဥပဒေပါရပိုင်ခွင့်များ ပြည့်ပြည့်ဝဝရရှိရေး အခြေခံဗဟုသုတများ သိရှိထားရန်၊ လုပ်ငန်းခွင် အခက်အခဲပြဿနာများဖြစ်ပေါ်ပါက သက်ဆိုင်ရာပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ မြန်မာအေဂျင်စီများထံ ဆက်သွယ်ရန်၊ အလုပ်သမားသံအရာရှိရုံးနှင့် ဝန်ကြီးဌာနသို့ အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံရန် ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားတစ်ဦးချင်းအား ထောက်ပံ့ငွေများ ပေးအပ်သည်။

ရှင်းလင်းတင်ပြ

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မြန်မာသံအမတ်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့သည် ထိုင်းဘတ် ၅ သန်း ကုမ္ပဏီ The First Good Man Group Co., Ltd မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရာ တာဝန်ရှိသူများက ထိုင်းဘက်ခြမ်းတွင် MoU စနစ်အရ လုပ်ငန်းစဉ်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဘတ် ၅ သန်း အေဂျင်စီအနေဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားပြဿနာများကို မျှမျှတတ ဝန်ဆောင်မှုပေးရန် ပြောကြားသည်။

သတင်းစဉ်

HOT NEWS
January 4,