လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် ကျေးလက်လမ်းများအား ပြန်လည်ပြုပြင်

လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် ကျေးလက်လမ်းများအား ပြန်လည်ပြုပြင်


Ministry of Cooperatives and Rural Development/ Naypyitaw / October 07, 2024
image_latest


လယ်ဝေး အောက်တိုဘာ ၅

            ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာများသို့ ဆက်သွယ်ထားသည့် လမ်းအချို့ ရေတိုက်စား၍ ပျက်စီးခြင်း များ ဖြစ်ပွားခဲ့သည်။

        အဆိုပါ စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ရုံးပင်-အေးချမ်းသာ ကျေးရွာချင်းဆက်လမ်း ရေတိုက်စားသွားရာ ၎င်းနေရာတွင် အစားထိုးဖောက်လုပ်မည့် အရှည် ပေ ၂၀၀၀၊ အကျယ် ၃၈ ပေရှိ ယာယီလမ်းလွှဲနေရာ လမ်းအူကြောင်းတိုင်အမှတ်အသား စိုက်ထူထားရှိပြီးဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

            ထို့အတူ ကွမ်းခြံ - လက်ပံခုန် ကျေးရွာချင်းဆက်လမ်း ရေတိုက်စားသွားသောနေရာ အစားထိုးပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့က စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)