လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၉/ခ)၊ ရွှေလီလမ်းနှင့် မြို့ပတ်လမ်းထောင့်တွင် ကုန်စုံဆိုင် မီးလောင်မှု

လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၉/ခ)၊ ရွှေလီလမ်းနှင့် မြို့ပတ်လမ်းထောင့်တွင် ကုန်စုံဆိုင် မီးလောင်မှု

Ministry of Home Affairs/ နေပြည်တော် / June 09, 2022
လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၉/ခ)၊ ရွှေလီလမ်းနှင့် မြို့ပတ်လမ်းထောင့်တွင် ကုန်စုံဆိုင် မီးလောင်မှု

လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၉/ခ)၊ ရွှေလီလမ်းနှင့် မြို့ပတ်လမ်းထောင့်တွင် ၂၀၂၂ခုနှစ်၊ ဇွန်လ ၅ ရက်နေ့၊ ၁၁ ၀၀ အချိန်ခန့်က ဆိုင်ပိုင်ရှင် ဦးရာဇာထွန်း၏ (၁၈x၅၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ကွန်ကရစ်ခင်း(၁)ထပ် “သိန်းစိုး” ကုန်စုံဆိုင်တွင် မီးအားမြှင့်စက်အပူလွန်ကဲရာမှ အနီးရှိ ထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လားရှိုးမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၆ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၁ ၃၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ဆိုင်ခန်း ၁ ခန်းနှင့် စားသောက်ကုန်ပစ္စည်းများ၊ ရေခဲသေတ္တာ ၃ လုံး၊ ၃၂ လက်မ တီဗွီ ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဆိုင်ပိုင်ရှင် ဦးရာဇာထွန်းအား လားရှိုးမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။