လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ၏ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ၏ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Ministry of Information/ Naypyitaw / February 05, 2025
နေပြည်တော် ဖေဖော်ဝါရီ ၄
လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများ၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများ၊ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာန၏လက်အောက်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ၏ သက်မွေးလုပ်ငန်းများ အရည်အသွေးမြှင့်တင်နိုင်ရေးနှင့် အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များ ပိုမိုပေါ်ထွန်းလာစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်သည့် သင်တန်းများဖြစ်သဖြင့် စွမ်းဆောင်ရည်မြှင့်တင်ပေးရန်သာမက အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပြီး ချိတ်ဆက်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနတွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ၁၁ ကျောင်း ဖွင့်လှစ်ထားပြီး အိမ်တွင်းမှုပညာရပ်များကို ပြည်သူများ လက်လှမ်းမီသင်ကြားနိုင်ရေးအတွက် ကျောင်းအခြေပြုသင်တန်း၊ ရပ်ရွာအခြေပြုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ နည်းပညာလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ ဆန်းသစ်သောနည်းပညာများကို စဉ်ဆက်မပြတ်သင်ကြားပေးနိုင်ရန်၊ ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်အောင် အစဉ်ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပြည်သူလိုအပ်သော အသက်မွေးပညာရပ်များကို အသုံးချနိုင်သည်အထိသင်ပေးရန်နှင့် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ဆွေးနွေးဖော်ထုတ်ကြရန် မှာကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြီး အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်လာကြသည့် တာဝန်ရှိသူများက အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်