လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ရေဒီယိုဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပ

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ရေဒီယိုဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပ


Ministry of Information/ Naypyitaw / March 28, 2024
image_latest


နေပြည်တော် မတ် ၂၇

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ရေဒီယိုဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက နေပြည်တော် (တပ်ကုန်း) မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ Radio Dubbing Studio(1)တွင် ကျင်းပရာ နေပြည်တော် (ပျဉ်းမနား) အထက (၂)၊ နေပြည်တော် (လယ်ဝေး) အထက (၁)၊ နေပြည်တော် (ဇေယျာသီရိ) အထက (၁)၊ နေပြည်တော် (တပ်ကုန်း) အထက (၁)နှင့် အထက (၂)တို့မှ ကျောင်းသား ကျောင်းသူ ငါးဦးတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ အလယ်တန်းနှင့် အထက်တန်းအဆင့် အသက် (၁၄) နှစ်မှ (၁၇)နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူငါးဦးတို့က Round တစ်ခုလျှင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ ပညာရပ်မေးခွန်းနှစ်ခုနှင့်ရေဒီယိုမှ ထုတ်လွှင့်သည့် အစီအစဉ်ပိုင်းဆိုင်ရာ မေးခွန်းနှစ်ခု စုစုပေါင်းမေးခွန်းလေးခုစီဖြင့် Round လေးခုတွင် ယှဉ်ပြိုင်ဖြေဆိုကြခြင်းဖြစ်သည်။

ထိုသို့ယှဉ်ပြိုင်ကြရာ ရေဒီယိုဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲပထမဆုကို နေပြည်တော် (တပ်ကုန်းမြို့) အထက (၂) Grade -9 မှ မောင်ဝေယံလင်းကလည်းကောင်း၊ ဒုတိယဆုကို နေပြည်တော် (ဇေယျာသီရိမြို့) အထက (၁) Grade-9 မှ မောင်အောင်လင်းခန့်ကလည်းကောင်း၊ တတိယဆုကို နေပြည်တော်(တပ်ကုန်း မြို့) အထက (၁) Grade-9 မှ မနန်းမိုခမ်းကလည်းကောင်း၊ အထူးဆု (၂)ဆုကို နေပြည်တော် (လယ်ဝေး မြို့) အထက(၁) Grade-6 မှ မကြယ်စင်သန့်နှင့် နေပြည်တော် (ပျဉ်းမနား) အထက(၂) Grade-8 မှ မောင်ဟိန်းကိုကိုဇော်တို့ကလည်းကောင်းရရှိခဲ့ကြသဖြင့် ဆုရရှိကြသူများအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ရေဒီယိုဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပမှုကို (၂၇-၃-၂၀၂၄) ရက်နှင့် (၂၈-၃-၂၀၂၄)ရက်နေ့ည မြန်မာ့အသံရေဒီယိုမှ ပြည်တွင်းသတင်းများ ကြေညာအပြီးတွင် ထုတ်လွှင့်မည်ဖြစ်သည်။

အဆိုပါ ရေဒီယိုဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းကို အများပြည်သူစိတ်ဝင်စားမှုပိုမိုရရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရေး အသိပညာမျှဝေလှုံ့ဆော်ခြင်းဖြင့် လူထုလှုပ်ရှားမှု ရယူအားဖြည့်ပေးနိုင်ရေး ရည်ရွယ်ချက်များဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာနက ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီး ဌာနတို့နှင့် ပူးပေါင်း၍ ပြိုင်ပွဲ ငါးကြိမ်ကျင်းပမည်ဖြစ် ပြီး တစ်ကြိမ်စီမှ ပထမနှင့် ဒုတိယဆုရရှိသူ နှစ်ဦးစီ ဖြင့် စုစုပေါင်း ၁၀ ဦးအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ဒုတိယပတ်အတွင်း ကျင်းပမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ရုပ်မြင်သံကြားဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။                     

သတင်းစဉ်

HOT NEWS
January 4,