လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ


Ministry of Information/ Naypyitaw / July 16, 2024
image_latest


နေပြည်တော် ဇူလိုင် ၁၅

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်းအတွင်း၌ ကျင်းပသည်။

တက်ရောက်

သစ်ပင်စိုက်ပျိုးပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရတနာတန်းဝင်ကျွန်းပင်များကို ဦးဆောင် စိုက်ပျိုးပေးကြပြီး ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် အရာထမ်း/အမှုထမ်းများစုပေါင်း၍ ရတနာတန်းဝင် ကျွန်းပင် ၁၂၂၃ ပင်၊ ပန်းအိ၊ သပြေဘူတနှင့် စက္ကူပန်း ၂၈၇ ပင် စုစုပေါင်းအပင် ၁၅၁၀ စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ ပထမအကြိမ်စိုက်ပျိုးခဲ့သည့် သစ်ပင်များရှင်သန်ဖြစ်ထွန်းနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

အလားတူ ယနေ့တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဝန်ကြီးဌာနကြီးကြပ်မှုအောက်မှ တည်ဆောက်ရေးညွှန်ကြားရေးမှူးရုံးများ၊ စီမံကိန်းညွှန်ကြားရေးမှူးရုံးများ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများ၊ စီမံကိန်းမန်နေဂျာရုံးများ၊ မဟာဓာတ်အားလိုင်းမှူးရုံးများ၊ ပင်မဓာတ်အားခွဲရုံများ၊ ဓာတ်အားပေးစက်ရုံများတွင်လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို ကျင်းပခဲ့ပြီး နှစ်ရှည်သီးနှံပင် ၁၀၂၆၉ ပင်၊ နှစ်ရှည်ပန်းပင် ၁၃၆၇ ပင်၊ အရိပ်ရလေကာပင် ၇၇၈ ပင် စုစုပေါင်း ၁၂၄၁၄ ပင်တို့ကို တစ်ချိန်တည်းတစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြသည်။

စုပေါင်းစိုက်ပျိုး

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင်၊ နှစ်ရှည်သီးနှံပင်၊ နှစ်ရှည်ပန်းပင်၊ အရိပ်ရလေကာပင် စုစုပေါင်း ၁၃၅၉၂ ပင်နှင့် ယခု ဒုတိယအကြိမ်တွင် သစ်ပင်ပေါင်း ၁၃၉၂၄ ပင် တို့ကို စုပေါင်းစိုက်ပျိုးခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် ယခုနှစ်တွင် လက်ရှိအချိန်ထိ သစ်ပင်စုစုပေါင်း ၂၇၅၁၆ ပင် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်