လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ လျှပ်စစ်သုံး(သုံးဘီး)မော်တော်ဆိုင်ကယ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) နှင့် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း
လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ လျှပ်စစ်သုံး(သုံးဘီး)မော်တော်ဆိုင်ကယ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) နှင့် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန/ Yangon, Dry Port (KM) & Asia World Port Terminal (AWPT) / June 17, 2024
လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ လျှပ်စစ်သုံး(သုံးဘီး)မော်တော်ဆိုင်ကယ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ
ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) နှင့် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိ
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် ASIA PACIFIC AUTOMAKER CORPORATION Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New Battery Electric Vehicle WAGON (LHD) ၊ Brand Name: DONGFENG VOYAH ၊ Model: DREAM ၊ 2023 Mdl – (2) U သည် ၂၈-၁-၂၀၂၄ ရက်နေ့နှင့် (2) U သည် ၈-၂-၂၀၂၄ ရက်နေ့တို့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ရောက်ရှိခဲ့ပါသည်။ N.P.K MOTORS Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New Battery Electric Vehicle HATCHBACK (LHD) ၊ Brand Name: LEAPMOTOR T03 (STANDARD) ၊ 2023 Mdl - (13) U သည် ၃၀-၅-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ MYANMAR ARR THIT MAN MOTOR Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New Battery Electric Three Wheel Motorcycle With Charging Adaptor (BEV) ၊ Brand Name: AIMA ၊ 2024 Mdl – (72) U သည် ၃၁-၅-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ SHWE THWAY Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New Battery Electric Vehicle SUV (LHD) ၊ Brand Name: BYD YUAN PLUS ၊ 2024 Mdl – (6) U သည် ၆-၆-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ AUNG KAN BO MOTORCYCLE INDUSTRIAL Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New Battery Electric Motorcycle With Charging Adaptor (BEV) ၊ Brand Name: KENBO ၊ 2023 Mdl ၊ Model No: KB1500DT-29 – (303) U ၊ Brand Name: KENBO ၊ 2023 Mdl ၊ Model No: KB1200DT-2E – (20) U နှင့် Brand Name: KENBO ၊ 2024 Mdl ၊ Model No: KB1200DT-2E – (160) U တို့သည် ၆-၆-၂၀၂၄ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့အသီးသီးရောက်ရှိခဲ့ပါသည်။ ၎င်းစုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၂၃) စီး ၊ လျှပ်စစ်သုံး(သုံးဘီး)မော်တော် ဆိုင်ကယ် (၇၂) စီးနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၄၈၃) စီးတို့အား ၁၄-၆-၂၀၂၄ ရက်နေ့တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း ၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
