လျှပ်စစ်သုံးမော်တော်ယာဉ်များ သီလဝါဆိပ်ကမ်း (MITT) နှင့် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port –KM၊ RG) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း
လျှပ်စစ်သုံးမော်တော်ယာဉ်များ သီလဝါဆိပ်ကမ်း (MITT) နှင့် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port –KM၊ RG) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း
Ministry of Planning and Finance/ MITT, Dry Port (KM, RG) / April 07, 2025
လျှပ်စစ်သုံးမော်တော်ယာဉ်များ သီလဝါဆိပ်ကမ်း (MITT) နှင့် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port –KM၊ RG) သို့ရောက်ရှိ
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် N.P.K MOTORS CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: LEAPMOTOR T03 (STANDARD)၊ 2024 MDL၊ C/O: CHINA – (40) U သည် ၁၈-၃-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ ရောက်ရှိခဲ့ပါသည်။ AMAZING AUTO CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2024 MDL၊ C/O: CHINA – (10) U သည် ၁၈-၁၀-၂၀၂၄ ရက်နေ့ တွင်လည်းကောင်း၊ (2) U သည် ၃၁-၁၀-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port –KM) သို့ ရောက်ရှိခဲ့ပါသည်။ YAUNG NI OO AUTOMOBILE CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: DFSK MINI EV၊ 2024 MDL၊ C/O: CHINA – (7) U သည်လည်းကောင်း၊ BRAND NEW MINI TRUCK (LHD)၊ BRAND NAME: DFSK EC31၊ 2024 MDL၊ C/O: CHINA – (8) U နှင့် BRAND NEW DELIVERY VAN (LHD)၊ BRAND NAME: DFSK EC35၊ 2024 MDL၊ C/O: CHINA – (5) U တို့သည် ၉-၁-၂၀၂၅ ရက်နေ့တွင် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port –RG) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၄၀)စီးအား သီလဝါဆိပ်ကမ်း (MITT) ၌ ၂၂-၃-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၃၂) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port –KM၊ RG) ၌ ၂၉-၃-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော် ယာဉ် (၇၂) စီးအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၉-၃-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါသည်။ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့် ပြုထားကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်