လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ အေးရှားဝါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း

လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ အေးရှားဝါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း


Ministry of Planning and Finance/ Yangon, Asia World Port Terminal (AWPT) / June 04, 2025
အေးရှားဝေါလ်ဆိပ်ကမ်း(AWPT)သို့ တင်သွင်းလာသော လျှပ်စစ်သုံးမော်တော်ယာဉ်များ မှတ်တမ်းဓာတ်ပုံ


လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိ

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် N.P.K MOTORS CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK(LHD)၊ BRAND NAME:MG.MG4(MULAN)၊ 2024 MDL၊ C/O: CHINA– (19) U သည် ၁၉-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ AUNG KANBO MOTORCYCLE INDUSTRIES CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MOTORCYCLE၊ BRAND NAME: KENBO၊ 2024 MDL၊ MDL NO: KB1200DT-36၊ C/O: CHINA – (100) U၊ BRAND NEW MOTORCYCLE၊ BRAND NAME: KENBO၊ 2024 MDL၊ MDL NO: KB1500DT-29၊ C/O: CHINA – (209) Uနှင့် BRAND NEW MOTORCYCLE၊ BRAND NAME: KENBO၊ 2024 MDL၊ MDL NO: KB1200DT-2E၊ C/O: CHINA – (233)U တို့သည် ၂၁-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ အသီးသီး ရောက်ရှိလာခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၁၉) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၂၈-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံး မော်တော်ဆိုင်ကယ် (၅၄၂) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၃-၆-၂၀၂၅ ရက်နေ့တွင် လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန် စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၃-၆-၂၀၂၅ ရက် နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့် ပြုထားကြောင်း သတင်းရရှိပါသည်။

 

 

သတင်းစဉ်

 

HOT NEWS
January 4,