လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) ၊ မြန်မာစက်မှုဆိပ်ကမ်း (MIP) နှင့် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ)(MITT)များသို့ အသီးသီးရောက်ရှိထုတ်ပေးခဲ့ခြင်း
လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) ၊ မြန်မာစက်မှုဆိပ်ကမ်း (MIP) နှင့် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ)(MITT)များသို့ အသီးသီးရောက်ရှိထုတ်ပေးခဲ့ခြင်း
Ministry of Planning and Finance/ Yangon, Myanmar Industrial Port (MIP) & Myanmar International Terminals Thilawa (MITT) & Dry Port (KM) / January 12, 2024
လျှပ်စစ်သုံးမော်တော်ယာဉ်များ နှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) ၊ မြန်မာစက်မှုဆိပ်ကမ်း (MIP) နှင့် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ)(MITT)များသို့ အသီးသီးရောက်ရှိ
အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် GRAND SIRIUS CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New WAGON (LHD)(Battery Electric Vehicle) Brand Name: NETA U ၊ 2023 Mdl – (၂) စီးသည် ၁၅-၁၂-၂၀၂၃ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့လည်းကောင်း ၊ MYNAMR ARR THIT MAN MOTOR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New MPV (LHD) (Battery Electric Vehicle) Brand Name: FAW BESTUNE NAT E05 ၊ 2023 Mdl – (၃၀)စီးသည် ၂၈-၁၂-၂၀၂၃ ရက်နေ့နှင့် NCX MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New ELECTRIC MOTOR CYCLE WITH LI-ION BATTERY AND CHARGER ADAPTER (BATTERY ELECTRIC VEHICLE) Brand Name: WUYANG HONDA ၊ MODEL NO : WH1200DT-11(U-GO) ၊ 2023Mdl– (၉၆) စီးသည် ၂-၁-၂၀၂၄ ရက်နေ့တွင် မြန်မာစက်မှုဆိပ်ကမ်း (MIP) သို့လည်းကောင်း၊ PARAGON MACHINERY POWER GROUP CO.,LTD တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New MINI SUV (LHD) (Battery Electric Vehicle) Brand Name: DAYUN YUEHU S1 (VIP VERSION) ၊ 2023 Mdl – (၂၀) စီးသည် ၄-၁-၂၀၂၄ ရက်နေ့ တွင် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ)(MITT) သို့လည်းကောင်း အသီးသီးရောက်ရှိ လာပြီး ၎င်းလျှပ်စစ်သုံးမော်တော်ယာဉ်စုစုပေါင်း (၅၂)စီးနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၉၆)စီးတို့အား ၁၂-၁-၂၀၂၄ ရက်နေ့တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်