လှည်းကူးမြို့နယ်နှင့် အမ်းမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

လှည်းကူးမြို့နယ်နှင့် အမ်းမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်


Ministry of Information/ Naypyitaw / April 25, 2024
image_latest


နေပြည်တော် ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအုပ်စု ဘိုသိုးအင်းကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှု ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ သံဃာတော်ရှစ်ပါးနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၀၈ ဦးတို့အား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေး သည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အင်းတိုင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။

အလားတူ ရခိုင်ပြည်နယ် အမ်းမြို့နယ် အမ်း-ပဒါန်းလမ်းကြောင်းပေါ်ရှိ ပတ်ကွေ့ကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာငါးရွာမှ ဒေသခံပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာသူ ဒေသခံပြည်သူ ၁၀၅ ဦးတို့ကို ယနေ့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ၌ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အမ်း-ပဒါန်း လမ်းကြောင်းပေါ်ရှိ ကျေးရွာငါးရွာမှ အိမ်ထောင်စု ၂၄၅ စုတို့အတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 သတင်းစဉ်

HOT NEWS
January 4,