ဝက်ထီးကန်မြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

ဝက်ထီးကန်မြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်


Ministry of Cooperatives and Rural Development/ Naypyitaw / September 16, 2025
image_latest


ပြည်၊ စက်တင်ဘာ ၁၅

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများဖြစ်ထွန်းပေါ်ပေါက်လာစေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့ နံနက်ပိုင်းက ပြည်ခရိုင်၊ ဝက်ထီးကန်မြို့၊ အမှတ်(၂) ရဲလေ့ကျင့်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ဖွင့်လှစ်သည်။

          အခမ်းအနားသို့ အမှတ်(၂)ရဲလေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး၊ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          အဆိုပါ သင်တန်ဖွင့်ပွဲအခမ်းအနား၌ အမှတ်(၂)ရဲလေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများ၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။

          ယခုဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို စက်တင်ဘာလ ၁၅ ရက် နေ့မှ ၂၆ ရက်နေ့အထိ သင်တန်းသား (၁၅)ဦး အား ဆပ်ပြာဆီအမျိုးမျိုး ၊ မှန်ကြည်ဆေး၊ လျှော်မွေး၊ Hand Gel၊ Body Scrub၊ ဆပ်ပြာခရင်မ်၊ ရေချိုးဆပ်ပြာရည်အမျိုးမျိုး၊ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာခဲအမျိုးမျိုး ထုတ်လုပ်နည်းတို့ကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။