သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသော သီလရှင်ကလေးများ ဘိုးဘွားရိပ်သာတို့အား ကြည့်ရှုစစ်ဆေးခြင်း
သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသော သီလရှင်ကလေးများ ဘိုးဘွားရိပ်သာတို့အား ကြည့်ရှုစစ်ဆေးခြင်း
Myanmar National Human Rights Commission/ yangon / March 03, 2023
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာ သန်းမြင့်နှင့် ဒေါက်တာမြင့်သူမြိုင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၃-၃-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ထားသော သီလရှင်ကလေးများ ဘိုးဘွားရိပ်သာတို့ကို သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသော သီလရှင်ကလေးများ ဘိုးဘွားရိပ်သာတို့၌ လက်ခံ စောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ၊ အစားအစာ ကျွေးမွေးမှု အခြေအနေ၊ သန့်ရှင်းသော သောက်သုံးရေ ရရှိအောင် ဆောင်ရွက်ပေး နေမှုအခြေအနေ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပေးမှု အခြေအနေစသည့် အခြေခံ လူ့အခွင့်အရေးများရရှိခြင်း ရှိ မရှိတို့ကို စစ်ဆေးခြင်းနှင့် ဘိုးဘွားအိပ်ဆောင်များအား ကြည့်ရှု စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ကော်မရှင်ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသော သီလရှင်ကလေးများ ဘိုးဘွားရိပ်သာအား ကြည့်ရှုစစ်ဆေးရေး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်