သတင်းတင်ပြခြင်း

သတင်းတင်ပြခြင်း


Sagaing Region Government/ Monywa / October 20, 2020


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးရုံးခန်း၌ (၁၉.၁၀.၂၀၂၀) ရက်နေ့ နေ့လည်(၁၅၀၀)နာရီ အချိန်ခန့်တွင် တိုင်းဒေသကြီး COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ စစ်ကိုင်းတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာနဝန်ထမ်းများမှ ငွေကျပ် (၅၃၃၀၀ဝိ/-) (ငွေကျပ်ငါးသိန်းသုံးသောင်းသုံးထောင်တိတိ/-) ၊ စစ်ကိုင်းတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းများမှ ငွေကျပ် (၁၅၇၀၀ဝိ/-) (ငွေကျပ် တစ်သိန်းငါးသောင်းခုနှစ်ထောင်တိတိ/-)နှင့် ကြယ်ရောင်လမ်းပရဟိတအဖွဲ့(မုံရွာ)မှ ငွေကျပ် (၁၅) သိန်း (တစ်ဆယ့်ငါးသိန်းတိတိ/-) ၊ စုစုပေါင်းငွေကျပ်(၂၁၉၀၀၀ဝိ/-)(ငွေကျပ်နှစ်ဆယ့်တစ်သိန်း ကိုးသောင်းတိတိ/-)တို့အား လာရောက်လှူးဒါန်းရာ ကော်မတီကိုယ်စား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ လက်ခံရရှိခဲ့ကြောင်းနှင့် (၂၀.၁၀.၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဒေါနခြံရပ်ကွက် အမှတ်(၂)အခြေခံပညာအထက်ကျောင်းအနီးတွင် ဖွင့်လှစ်ထားရှိသည့် Fever Clinic သို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းများအား ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ ​​​​​​​

HOT NEWS
January 4,