သတိပေးနှိုးဆော်ချက်

သတိပေးနှိုးဆော်ချက်


Ministry of Information/ Naypyitaw / March 24, 2023
image_latest


(၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ၂၇-၃-၂၀၂၃ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် အဆိုပါနေ့ရက်တွင် ရန်ကုန်-မန္တလေး လမ်းဟောင်း ပျဉ်းမနားမြို့နယ် ဘောဂသီရိမီးပွိုင့်မှ ဇေယျာသီရိမြို့နယ် သိုက်ချောင်းလမ်းဆုံမီးပွိုင့်အထိ ယာဉ်သွားလာမှုအား နံနက် ၅ နာရီမှ ၁၀ နာရီ ထိ ခေတ္တလမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် မော်တော်ယာဉ် မောင်းနှင်သွားလာနေကြသည့် ယာဉ်မောင်းများအနေဖြင့် ၎င်းနေ့တွင် နေပြည်တော်-ဇေယျာသီရိမြို့နယ် သိုက်ချောင်းလမ်းဆုံမီးပွိုင့်မှ နိဗ္ဗာန်လမ်း (မြို့ပတ်လမ်း) အတိုင်း ခွာညိုပန်းအဝိုင်းအထိ ၊ ၎င်းမှ ရာဇသင်္ဂဟလမ်းအတိုင်း ကုမုဒြာကြာပန်းအဝိုင်းအထိ၊ ရာဇဌာနီလမ်းအတိုင်း ပျဉ်းမနားမြို့နယ် ပန်းခင်း လမ်းမီးပွိုင့်-ဘောဂသီရိမီးပွိုင့်မှတစ်ဆင့် ရန်ကုန်-မန္တလေး လမ်းဟောင်းမှ လမ်းလွှဲမောင်းနှင်ပေးကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

နေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ

HOT NEWS
January 4,