သနပ္ပင်မြို့နယ်၌ သမဝါယမကဏ္ဍက နွေစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု့
သနပ္ပင်မြို့နယ်၌ သမဝါယမကဏ္ဍက နွေစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု့
Ministry of Cooperatives and Rural Development/ Naypyitaw / March 20, 2025
သနပ္ပင် မတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရယူ၍ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုးနှင့်သွင်းအားစုအား မြို့နယ်သမဝါယမအသင်းစုမှ တစ်ဆင့် ပံ့ပိုးဆောင်ရွက်ခဲ့ပြီး ကမာဖရံကျေးရွာ၊ ဒိုင်းမွန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမ အသင်းလီမိတက်မှ အသင်းသားများ၏လယ်ယာမြေများတွင် နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေအား မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။
သမဝါယမဦးစီးဌာန
