သနပ်ပင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသည့် ဆင်းသုခစပါးများရိတ်သိမ်း

သနပ်ပင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသည့် ဆင်းသုခစပါးများရိတ်သိမ်း


Ministry of Cooperatives and Rural Development/ Naypyitaw / November 29, 2023
image_latest


သနပ်ပင်  နိုဝင်ဘာ ၂၉

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် အတွင်း ဆင်းသုခစပါးများ စိုက်ပျိုးထားရှိသည့် ကမာဖရံကျေးရွာ ဒိုင်းမွန်းစိုက်ပျိုးရေးနှင့်အထွေထွေ လုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသား ၆၉ ဦး၏ စိုက်ဧက ၃၄၇ ဧကနှင့် ငါးကြီးဝင်း ကျေးရွာ လင်းလက်ဟိန်းစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသား ၄၅ ဦး စိုက်ဧက ၁၅၃ ဧကတို့မှ မိုးစပါးများ ရိတ်သိမ်းဆောင်ရွက်လျက်ရှိရာ တစ်ဧကလျှင် စပါးတင်း ၇၀ ထွက်ရှိကြောင်း သိရသည်။