သနပ်ပင်မြို့နယ်၌ သမဝါယမမိုးစပါးစီမံကိန်းစိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
သနပ်ပင်မြို့နယ်၌ သမဝါယမမိုးစပါးစီမံကိန်းစိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Ministry of Cooperatives and Rural Development/ Naypyitaw / August 26, 2025
သနပ်ပင် သြဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်သမဝါယမဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ချောစုလိူင်နှင့် အဖွဲ့သည် ကမာဖရံကျေးရွာ အုပ်စုအတွင်းရှိ "ဒိုင်းမွန်း" စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းသား တောင်သူ ဦးစိုးမင်း၏ လယ်တွင်မိုးစပါးစံပြကွက်စိုက်ပျိုးထားရှိမှုနှင့် အောင်နိုင်တိုးစပါးမျိုးဖြင့် မိုးစပါးစိုက်ပျိုး ထားရှိမှုအား ယမန်နေ့ မနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မိုးစပါးစိုက်သမဝါယမအသင်း ၂ သင်း၏ အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်းတိုးအောင် ဆောင်ရွက်ရန်အတွက် အသင်းသားတောင်သူများနှင့် တွေ့ဆုံမေးမြန်းကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)
