သနပ်ပင်မြို့နယ်၌ သမဝါယမအသင်း မိုးစပါး စံပြကွက်ရိတ်သိမ်း
သနပ်ပင်မြို့နယ်၌ သမဝါယမအသင်း မိုးစပါး စံပြကွက်ရိတ်သိမ်း
Ministry of Cooperatives and Rural Development/ Naypyitaw / November 12, 2025
သနပ်ပင် နိုဝင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်အတွင်းရှိ သမဝါယမဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော ကမာဖရံကျေးရွာ ဒိုင်းမွန်းစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်း၏ အသင်းသားတောင်သူ ဦးစိုးမင်း၏လယ်တွင် မိုးစပါး (အောင်နိုင်တိုး) စံပြကွက် ဧက(၂၀)ရိတ်သိမ်းနေမှုကို သနပ်ပင်မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တစ်ဧကလျှင် စပါးတင်း(၁၁၀)နှုန်း ထွက်ရှိကြောင်းသိရသည်။
