သန်လျင်မြို့နယ်၌ ဘုရားကုန်းကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်
သန်လျင်မြို့နယ်၌ ဘုရားကုန်းကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်
Ministry of Cooperatives and Rural Development/ Naypyitaw / February 13, 2025
ရန်ကုန် ဖေဖော်ဝါရီ ၁၂
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားကို သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ ကျေးရွာအဝင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့က အဆိုပါလမ်းထိပ်ရှိ မဏ္ဍပ်၌ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသက်ဇော်က ကျေးလက်လမ်းဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကျေးရွာအဝင် ကွန်ကရစ်လမ်းသစ်ကို ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ဇော်၊ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကွန်ကရစ်လမ်းသစ်ကို ဖြတ်သန်းကြည့်ရှုကြသည်။
အဆိုပါ ကျေးရွာအဝင် ကွန်ကရစ်လမ်းသစ်မှာ အရှည်ပေ ၃၃၈၇ ပေရှိပြီး တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
သန်းဝင်း (သန်လျင်)
