သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တက္ကသိုလ်(၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တက္ကသိုလ်(၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / December 20, 2023
image_latest


သန်လျင် ဒီဇင်ဘာလ ၂၀

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် “တက္ကသိုလ်(၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်သုတေသနစာတမ်းဖတ်ပွဲ” အခမ်းအနားကို ၂၀-၁၂-၂၀၂၃ ရက်နေ့ တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့တက္ကသိုလ်အနေဖြင့် ၂၀၁၂ ခုနှစ်မှစ၍ သုတေသန အရည်အသွေးမြှင့်တင်နိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များဖွံဖြိုးတိုးတက်ရန်အတွက် သုတေသန စာတမ်းဖတ်ပွဲများ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး တက္ကသိုလ်နှစ်ပတ်လည်နေ့များတွင် သာမက အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့များတွင်လည်း သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပပြုလုပ် ခဲ့ကြောင်း၊ တက္ကသိုလ်၏ အသက်သည် သုတေသနဖြစ်သည့်အတွက်ဆရာ၊ဆရာများ အနေဖြင့် သုတေသနပြုလုပ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း သုတေသနလုပ်ငန်းများ လက်တွေ့ဆောင်ရွက်ရာတွင် အထောက် အကူပြုနိုင်ရန် ရည်ရွယ်ကြောင်း၊ ယနေ့ပြုလုပ်သည့် သုတေသနစာတမ်းဖတ်ပွဲ၏ ဆောင်ပုဒ်မှာ  “To Build a Sustainable Development University through Quality Research” ဖြစ်ကြောင်းနှင့် ဆရာ၊ဆရာမများအနေဖြင့် သုတေသနစွမ်းဆောင်ရည်နှင့် အရည်အသွေး မြင့်မားသော သုတေသန စာတမ်းများ စဉ်ဆက်မပြတ်ပြုလုပ်ရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။ အခမ်းအနားတွင် စာတမ်းရှင်(၁၄)ဦးတို့မှ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးပြု သုတေသနစာတမ်း(၈)စောင်နှင့် ဘာသာရပ်အကျိုးပြု သုတေသန စာတမ်း(၆)စောင်တို့ကို ဖတ်ကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ သဘာပတိများအဖြစ်ပြင်ပပညာရှင်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးခန့် တက်ရောက်လေ့လာ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။