သရက်ချောင်းမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူနိုင်ရေး အခွင့်အလမ်းများပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

Ministry of Home Affairs/ နေပြည်တော် / September 18, 2023
သရက်ချောင်းမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူနိုင်ရေး အခွင့်အလမ်းများပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

     အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတော်အစိုးရမှ ပညာရေးနောက်ကျမှုမရှိစေရန်အတွက် စာသင်ကျောင်းများဖွင့်လှစ်သင်ကြား ဆောင်ရွက်ပေးနေမှုအပေါ် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူနိုင်ရေး အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ပညာရေးဆိုင်ရာအဆောက်အအုံများအား လက်နက်ကြီးများ၊ Drone ယာဉ်များအသုံးပြု၍ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ လုယူခြင်းများအပြင် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

     ထိုသို့ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၂ နာရီခွဲတွင် တနင်္သာရီတိုင်း ဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာရှိ အခြေခံမူလတန်းလွန်ကျောင်းသို့ PDF အကြမ်းဖက်အဖွဲ့အင်အား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ကျောင်းအတွင်း ဝင်ရောက်၍ စာသင်ခန်းရှေ့အုတ်နံရံတွင် ခြိမ်းခြောက်စာများအား မှုတ်ဆေးအနီရောင်ဖြင့်ရေးသားကာ စာသင်ခန်းရှေ့ ဝရန်တာ၌ M 16 ကျည် တစ်တောင့်၊ ကိုးလုံးကျည် တစ်တောင့်နှင့် အနီရောင်မှုတ်ဆေးဘူး နှစ်ဘူးတို့အား ထားသွားခဲ့ကြောင်းနှင့် အဆိုပါကျောင်းတွင် ကျောင်းဆရာ၊ ဆရာမ ၁၁ ဦးက ကျောင်းသား၊ ကျောင်းသူ ၁၈၇ ဦးတို့အား ပညာသင်ကြားပေးလျက်ရှိပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးအရ ကျောင်းအား ခေတ္တယာယီပိတ်ထားကြောင်း သိရသည်။

     အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,