သရက်ချောင်းမြို့တွင် ကောက်ကြီးစပါးမျိုး ရိတ်သိမ်း

သရက်ချောင်းမြို့တွင် ကောက်ကြီးစပါးမျိုး ရိတ်သိမ်း


Ministry of Cooperatives and Rural Development/ Naypyitaw / December 21, 2023
image_latest


သရက်ချောင်း ဒီဇင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြစိမ်းရောင်စီမံကိန်း(သမဝါယမ)ကို မြို့နယ်သမဝါယမ ဦးစီးဌာနမှ ပံ့ပိုးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တီတွတ်ပြင်ကျေးရွာရှိ အေးချမ်းသာ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမီတက်မှ အသင်းသားတောင်သူများ၏ စိုက်ကွင်း များရှိ ကောက်ကြီးစပါးမျိုး ရိတ်သိမ်းနေမှုအား ယနေ့နံနက်ပိုင်းတွင် သရက်ချောင်းမြို့နယ်သမဝါယမ ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်လုပ်ငန်းကော်မတီများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။

သရက်ချောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့် သမဝါယမဦးစီးဌာနက အခြေခံသမဝါယမအသင်း(၃)သင်းမှ မိုးစပါးစိုက်ပျိုးတောင်သူများ၏ လယ်ဧက(၃၆၄)ဧကအတွက် စုစုပေါင်းကျပ်(၇၂၈)သိန်း ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်ထွေးသွယ်ထံမှ သိရသည်။

သရက်ချောင်းမြို့နယ်တွင် မိုးစပါးယခင်နှစ်က တစ်ဧက(၆၅)တင်းမှထွက်ရှိရာ ယခုနှစ်တွင် တစ်ဧက(၇၃)တင်းအထိ အထွက်နှုန်းတိုးတက်ထွက်ရှိခဲ့ကြောင်း၊ လာမည့်မိုးစပါးရာသီတွင် ဒေသနှင့် ကိုက်ညီသည့် အထွက်နှုန်းတိုးတက်မည့်မျိုးကောင်းမျိုးသန့် မိုးစပါးမျိုး စိုက်ပျိုးနိုင်ရေးရွေးချယ်သွား မည်ဖြစ်ကြောင်း အသင်းသားတောင်သူထံမှ သိရသည်။

နန်းခလိုက်(သရက်ချောင်း)
တနင်္သာရီတိုင်းဒေသကြီး