သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရရှိတော်မူခဲ့သော ဘဒ္ဒန္တဝါသေဋ္ဌအား ဂုဏ်ပြုပူဇော်ပွဲနှင့် သိက္ခာထပ်မင်္ဂလာအခမ်းအနားကျင်းပ

သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရရှိတော်မူခဲ့သော ဘဒ္ဒန္တဝါသေဋ္ဌအား ဂုဏ်ပြုပူဇော်ပွဲနှင့် သိက္ခာထပ်မင်္ဂလာအခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / March 04, 2024
image_latest


နေပြည်တော် မတ် ၃

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် သာသနပါလဓမ္မရိပ်သာ (မြိတ်) ကျောင်းတိုက် ဆရာတော်၊ သာသနဓဇဓမ္မာစရိယ၊ သဒ္ဓမ္မဇောတိကဓဇ၊ ဂဏဝါစကပရိယတ္တိ ဓမ္မာစရိယ၊ သာသနကုံရပရိယတ္တိ ဓမ္မာစရိယ၊ ပ - သုံးလုံး၊ ဝိပဿနာပညာတက္ကသိုလ်၊ ဇမ္ဗူသီရိမြို့နယ် ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းဓမ္မစကူးလ်အတွင်းရေးမှူး၊ အနာဂတ်အလင်းရောင် ဆရာတော်ဘဒ္ဒန္တဝါသေဋ္ဌသည် ၁၃၈၄ ခုနှစ် (၃၆) ကြိမ်မြောက် နိုင်ငံတော်အစိုးရ ဓမ္မာစရိယစာမေးပွဲတွင် “သာသနဓဇ ဓမ္မာစရိယ” ဘွဲ့တံဆိပ်တော်ရရှိ တော်မူခဲ့သောကြောင့် ရဟန်း ဒါယကာ၊ ရဟန်းဒါယိကာမများစုပေါင်း၍ ဂုဏ်ပြုပူဇော်ပွဲနှင့် သိက္ခာထပ်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ရှိ သံသရာအေးဗိမာန်တော်၌ ကျင်းပသည်။

ဦးစွာ နေပြည်တော်တိုင်း သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ မုနိကုမာရ အမှူးပြုသော သံဃာတော်အရှင်သူမြတ် ၇၅ ပါးအား ရဟန်းဒါယကာ၊ ရဟန်းဒါယိကာမများ၊ အလှူရှင်များက သိမ်ဆင်းလောင်းလှူကြပြီး ဂုဏပူဇာသဘင် အခမ်းအနားကို တက်ရောက်လာကြသော ဆရာတော်သံဃာတော် အရှင်သူမြတ်များ၊ ရဟန်းဒါယကာ၊ ရဟန်းဒါယိကာမများနှင့် အလှူရှင်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားသို့ တက်ရောက်လာကြသူများက နေပြည်တော်တိုင်းသံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ဆက်လက်၍ “သာသနဓဇ ဓမ္မာစရိယ” ဘွဲ့တံဆိပ်တော်ရရှိ တော်မူသော ဘဒ္ဒန္တဝါသေဋ္ဌ၏ ထေရုပ္ပတ္တိကထာအကျဉ်းကိုဖတ်ကြားပြီး အုတ်တွင်းမြို့ ကန်ကလေးတောရ စာသင်တိုက် ဆရာတော်က ဩဝါဒကထာ ချီးမြှင့်သည်။

ထို့ပြင် “သာသနဓဇဓမ္မာ စရိယ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ဘဒ္ဒန္တဝါသေဋ္ဌ၏ ထေရုပ္ပတ္တိ ရတုပိုဒ်စုံ ရှစ်ဆယ်ပေါ်တေးထပ်ကို သီဆိုဂုဏ်ပြုပူဇော်ပြီး ဆရာတော်၊ သံဃာတော် အရှင်သူ မြတ်တို့အား အလှူရှင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် နေပြည်တော်တိုင်း သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းသည်။

အခမ်းအနားအပြီးတွင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး တက်ရောက်လာကြသော ဧည့်ပရိသတ်အား နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်