သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ


Ministry of Information/ Naypyitaw / October 30, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၂၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၏ ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် ဝန်ကြီးဌာနပိုင် အားကစားကွင်းများတွင် ဆက်လက်ကျင်းပလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် ဘောလုံး (အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း (၁) ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ကျောင်းသားများ တက်ရောက်ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲများအပြီးတွင် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားကာ ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

ထို့ပြင် ယမန်နေ့ညနေပိုင်းကလည်း အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) ၌ ဖူဆယ် (အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်များကို ကျင်းပခဲ့ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြကာ ယှဉ်ပြိုင်မှုများအပြီးတွင် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,