သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ဘားအံ) မောင်မယ်သစ်လွင်ကြိုဆို
သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ဘားအံ) မောင်မယ်သစ်လွင်ကြိုဆို
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / January 26, 2023

ဘားအံ - ဇန်နဝါရီ (၂၆)
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့်သားဖွားသင်တန်း ကျောင်း(ဘားအံ)၏ ၂၀၂၃ ခုနှစ် ပညာသင်နှစ် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က အဆိုပါသင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပသည်။
ဦးစွာ သူနာပြု-သားဖွားဒီပလိုမာသင်တန်းကို တက်ရောက်ခွင့်ရရှိကြသော ကော့ကရိတ်မြို့နယ်မှ ၄ ဦး၊ ကြာ အင်းဆိပ်ကြီးမြို့နယ်မှ ၇ ဦး၊ ဘားအံမြို့နယ်မှ ၁၅ ဦး၊ သံတောင်ကြီးမြို့နယ်မှ ၃ ဦး၊ လှိုင်းဘွဲမြို့နယ်မှ ၆ ဦး၊ ဖာပွန်၊ မြဝတီနှင့်မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်တို့မှ တစ်ဦးစီတို့သည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များအား တစ်ဦးချင်းမိတ်ဆက်ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရာတွင် ရင်းနှီးမြှုပ်နှံမှုများစွာကို အရေးကြီးသည့်လုပ်ငန်းစဉ်အဖြစ် စိုက်ထုတ်ဆောင်ရွက်လျှက်ရှိပြီး သင်တန်းတက်ရောက်နေစဉ်ကာလတစ်လျှောက်လုံးလုံခြုံစီတ်ချစွာနေနိုင်ရေး၊ ငွေကြေးအကုန်အကျသက်သာစေရေး အတွက် နိုင်ငံတော်မှငွေကြေးအမြောက်အမြား အကုန်အကျခံပေးခြင်းသည် မိမိနိုင်ငံအတွင်းရှိ ပြည်သူများအား ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျန်းမာရေးပြုစုစောင့်ရှောက်မှု ပေးနိုင်ရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးနှင့်စေတနာ၊ မိမိတို့အပေါ်မျှော်လင့်ချက်ထားရှိမှုကို ပြန်လည်တုံ့ပြန်ရန်လိုအပ်ပြီး မိမိရပ်ရွာဒေသ မှ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့်ထောက်ပံ့မှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ဘားအံ)ကျောင်းအုပ်ကြီးဒေါ်နီနီချိုက မောင်မယ်သစ်လွင် များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က မောင်မယ်သစ်လွင် ၃၈ ဦးအတွက် ငွေကျပ် ၇၆၀၀၀၀(ခုနှစ်သိန်းခြောက်သောင်း)ကို သင်တန်းသား၊သင်တန်းသူများထံထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ် သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းက သင်တန်းသား၊သင်တန်းသူများ စားသောက်မှုအဆင်ပြေစေရေးအတွက် ဆန် ၁၀ အိတ်ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် သူနာပြု-သားဖွား သင်တန်းသား၊သင်တန်းသူများက တိုင်းရင်းသားရိုးရာပဒေသာအကအလှများ ဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။