သေဒဏ်ကျခံရမည့် အကျဉ်းသား(၄)ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီး

သေဒဏ်ကျခံရမည့် အကျဉ်းသား(၄)ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီး


Ministry of Information/ Naypyitaw / July 25, 2022
image_latest


နေပြည်တော် ဇူလိုင် ၂၄

၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်မှစ၍ နိုင်ငံတော်အတွင်း အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ရာ ယင်းလုပ်ရပ်များတွင် ဖြိုးဇေယျာသော် (ခ)မောင်ကျော်(ခ)ရေခဲ၊ ကျော်မင်းယု (ခ) ဂျင်မီ၊ လှမျိုးအောင် (ခ) ကိုမျိုး (ခ) ဝက်ကြီးနှင့် အောင်သူရဇော်(ခ) ကတုံး(ခ) သူရ တို့သည် ရက်စက်ပြီး လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များဖြစ်သော အကြမ်းဖက် သတ်ဖြတ်မှုများကို ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင်ပါဝင် ကျူးလွန်ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူ အများအပြား သေဆုံးခဲ့ရမှုအတွက် သက်ဆိုင်ရာ စစ်ခုံရုံး အသီးသီးက ကျူးလွန်သည့် ပြစ်မှုအလိုက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၏ သက်ဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မများ၊ ရာဇသတ်ကြီး၏ သက်ဆိုင်ရာပြဋ္ဌာန်းချက် ပုဒ်မများဖြင့် စွဲချက်တင်ပြီး ပြစ်မှုထင်ရှားသဖြင့် တရားခံလေးဦးအပေါ် သေဒဏ်ချမှတ်ရာ အဆိုပါတရားခံ လေးဦးအပေါ် အကျဉ်းထောင် လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးဖြစ် ကြောင်း သက်ဆိုင်ရာမှ သတင်း ရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,