သံဖြူဇရပ်မြို့နယ်၊ နှစ်ကရင်ကျေးရွာ-သာဂရကျေးရွာသွား ကားလမ်းပေါ်ရှိ သပြေချောင်းသံကူကွန်ကရစ်တံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

သံဖြူဇရပ်မြို့နယ်၊ နှစ်ကရင်ကျေးရွာ-သာဂရကျေးရွာသွား ကားလမ်းပေါ်ရှိ သပြေချောင်းသံကူကွန်ကရစ်တံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး


Ministry of Information/ Naypyitaw / January 22, 2023
image_latest


နေပြည်တော် ဇန်နဝါရီ ၂၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ နှစ်ကရင်ကျေးရွာ - သာဂရကျေးရွာသွား ကားလမ်းပေါ်ရှိ သပြေချောင်းသံကူကွန်ကရစ်တံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၁ ရက် ည ၇ နာရီခန့်တွင် သံဖြူဇရပ်မြို့နယ်၊ နှစ်ကရင်ကျေးရွာ - သာဂရကျေးရွာသွား ကားလမ်း၊ သာဂရကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ အရှည် ၁၃၀ ပေ၊ အကျယ် ၂၀ ပေရှိ သပြေချောင်းသံကူကွန်ကရစ်တံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း၊ ထိုသို့ ဖောက်ခွဲဖျက်ဆီးမှုကြောင့် တံတား၏တောင်ဘက်ခြမ်းမှ ကမ်းကပ်ခုံအနီးတွင် အချင်း ၁၀ ပေပတ်လည်ခန့် ကျွံကျပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အများပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရန် ဆောက်လုပ်ထားသည့် သံကူကွန်ကရစ်ချောင်းကူးတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သူ အကြမ်းဖက်သမားများ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။