ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကျင်းပ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / March 12, 2025
image_latest


နေပြည်တော် မတ် ၁၁

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှင်းလင်းပြောကြား

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မီးလောင်မှုအခြေခံသဘောတရားများ၊ မီးဘေးကြိုတင် ကာကွယ်ရေးနှင့်ရှောင်ကြဉ်ရမည့်အချက်များ၊ မီးငြှိမ်းသတ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ မီးငြှိမ်းသတ်ရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးရုံး အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲမှ လက်ထောက်အတွင်းဝန်က ဝန်ကြီးဌာန၏ မီးဘေးလုံခြုံရေးစီမံချက်ပါ သာမန်အချိန်၊ မီးလောင်မှုဖြစ်ပေါ်ချိန်နှင့် မီးလောင်ကျွမ်းပြီးချိန်တို့တွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုများနှင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို အသေးစိတ်ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မီးငြှိမ်းသတ်ခြင်းအား သရုပ်ပြရှင်းလင်းကာ ဝန်ထမ်းများက လက်တွေ့ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,