ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် အရေးပေါ်အခြေအနေ တုံ့ပြန်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် အရေးပေါ်အခြေအနေ တုံ့ပြန်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်


Ministry of Information/ Naypyitaw / June 12, 2025
image_latest


နေပြည်တော် ဇွန် ၁၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် အရေးပေါ်အခြေအနေတုံ့ပြန်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်ဟိုတယ်ဇုန်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာနမှူးက သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အရေးပေါ်တုံ့ပြန်မှုများနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ၏ အရေးပါမှု၊ သင်တန်းတွင် သင်ကြားပို့ချသွားမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းနည်းပြများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းတွင် လက်တွေ့သင်ကြားပို့ချပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်

HOT NEWS
January 4,