ဟိုပုံးမြို့၌ ဝင်ငွေတိုးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲကျင်းပ

ဟိုပုံးမြို့၌ ဝင်ငွေတိုးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / August 30, 2024
image_latest


ဟိုပုံး၊ ဩဂုတ် ၃၀

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်မည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ဟိုပုံးမြို့၊ အရှေ့ရပ်ကွက်၌ ကျင်းပသည်။

အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြပါသည်။

          ဦးစွာ  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ဒေသဦးစီးမှူးက စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။

          ယခု ဖွင့်လှစ်ခဲ့သော သင်တန်းတွင် သင်တန်းသား (၁၂) ဦးအား  မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ ဩဂုတ်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ (၁)လကြာ စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,